ကျေးရွာသစ်ဖော်ဆောင်မှုကြောင့် အိုးအိမ်ဖယ်ရှားခံရတဲ့ ပြည်သူတွေကို မြေပြန်ရအောင် အစိုးရထံတင်ပြသွားမယ်

0
308

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်အတွင်းက ရတနာအောင်ကျေးရွာသစ်ဖော်ဆောင်နေမှုနဲ့ ပတ်သက်ပြီး ဇွန်လ ၁၉ ရက်နေ့က KNU/KNLA (PC) အဖွဲ့ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေ တွေ့ဆုံပြီး သတင်းစာရှင်းလင်းခဲ့ပါတယ်။

ဒီသတင်းကို MCN သတင်းထောက် အောင်ကျော်မိုးက သတင်းပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရတနာအောင်ကျေးရွာသစ်ဖော်ဆောင်မှုကြောင့် အိုးအိမ်ဖယ်ရှားခံရတဲ့ ပြည်သူတွေကို မြေနေရာတွေ ပြန်လည်ရရှိအောင် အစိုးရထံတင်ပြပြီး လုပ်ဆောင်ပေးသွားမယ်လို့ KNU/KNLA (P.C) က တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
ရန်ကုန်ြမို့ မရမ်းကုန်မြို့နယ်မှာရှိတဲ့ ရွှေမင်္ဂလာ စားသောက်ဆိုင်မှာ KNU/KNLA (P.C) က တာဝန်ရှိသူတွေက အိုးအိမ်ဖယ်ရှားခံရသူတွေနဲ့ တွေ့ဆုံရှင်းလင်းပွဲအပြီးမှာ ဗိုလ်မှူး စောကိုချို က ပြောကြားခဲ့တာပါ။

အဲဒီကျေးရွာသစ် စီမံကိန်း မြေနေရာကို စိုက်ပျိုးရေးဦးစီးဌာနက ပိုင်ဆိုင်တာဖြစ်ပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ကျေးရွာသစ်စီမံကိန်းနေရာက နေထိုင်သူတွေကို ကျူးကျော်ဆိုပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဖယ်ရှားခဲ့တာပါ။ အဲ့ဒီက အိမ် ခြံ မြေ တွေကို ၀ယ်ယူထားသူ အရေ အတွက် ၁၀၀၀၀ ခန့် ရှိပြီး ၀ယ်ယူထားသူတွေရဲ့ ပြောဆိုမူတွေအရ ခြံ ကွက် တစ်ကွက် ကို ဈေးနှုနုး ၅ သိန်းကနေ သိန်း သုံးဆယ်အထိ ဈေးပေါက်ခဲ့ပါတယ်။

2014 ခုနှစ်က KNU/KNLA (P.C) အဖွဲ့ က ဗိုလ်မှူးစောဂေး က ရန်ကုန်-နေပြည်တော် အမြန်လမ်း မိုင်တိုင်(၃)နှင့် မိုင်တိုင်(၅) အကြားက စိုက်ပျိုးရေးဦးစီးဌာနပိုင် မြေနေရာမှာ ရတနာအောင်ကျေးရွာ သစ်ဖော်ဆောင်မူကို စတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အစိုးရကပြန်လည်သိမ်းယူထားတာပဲ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)