အလုပ်သမားရေးရာမူဝါဒ အကြံပြုချက် စာတမ်းတစ်စောင် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြမယ်

0
332

မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်တဲ့ အလုပ်သမားရေးရာမူဝါဒ အကြံပြုချက် စာတမ်းတစ်စောင်ကို ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြသွား ဖို့ရှိနေပါတယ်။

ဇွန်လ ၂၃ ရက်နေ့မှာ စတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း အဲ့ဒီလို တင်ပြသွားဖို့ ရှိနေတာလို့ FED ရဲ့ အမှုဆောင် ဒါရိုက်တာ ဦးထူးချစ်က ပြောပါတယ်။ အဲ့ဒီစာတမ်းထဲမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်း နဲ့ တောင်ပိုင်းဒေသတွေက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ တွေ့ဆုံပြီး ရရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး အလုပ်သမားတွေရဲ့ အလုပ်သမားအခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူကုန်ကူးမှု ပပျောက်စေရေးနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ ဆန္ဒမဲပေးနိုင်ရေးအပါအဝင် နိုင်ငံကူးလက်မှတ်တွေ အလွယ်တကူ ထုတ်ပေးနိုင်ရေးကိစ္စတွေ ပါဝင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)