ရောင်းချခွင့်လိုင်စင်မရှိတဲ့ အရက်၊ ဘီယာ၊ ဆိုင်တွေကို စီမံချက်နဲ့ ဖမ်းဆီးအရေးယူနေ

0
462

စည်းကမ်းချက်နဲ့ မညီဘဲ ရောင်းချခွင့်လိုင်စင်မရှိတဲ့ အရက်၊ ဘီယာ၊ ဆိုင်တွေကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဇွန်လ ၁၅ ရက်နေ့က စတင်ပြီးဖမ်းဆီး အရေးယူနေပြီဖြစ်ပါတယ်။

အဲဒီလိုအရေးယူမှုတွေကို ခရိုင် အလိုက် ဒုစရိုက်ကျူးလွန်မှုတွေ အများဆုံးကျူးလွန်လေ့ရှိတဲ့ ဒဂုံမြိုသစ် (တောင်ပိုင်း) ကမာရွတ်မြို့နယ်၊ သန်လျင်မြို့နယ်နဲ့ လှိုင်သာယာတွေမှာ စတင်ပြီးစီမံချက်ချ ဆောင်ရွက်နေတာပါ။ စီမံချက်ကာလစတင်ခဲ့တဲ့ နေ့ကစပြီး ဇွန်လ ၂၁ ရက်နေ့အထိ ဒဂုံမြို့သစ် (တောင်ပိုင်း) မှာ ၂၁ မှု၊ ကမာရွတ်မြို့နယ်မှာ ၄ မှု၊ သန်လျင်မြို့နယ်မှာ ၁၆ မှု၊ လှိုင်သာမြို့နယ်မှာ ၁၆ မှု တို့ကို ဖမ်းဆီးအရေးယူခဲ့ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)