ပြည်တွင်းရွှေဈေးနှုန်း (၈)သိန်းတစ်သောင်းနဲ့ စံချိန်တင် မြင့်တက်ခဲ့

0
323

ပြည်တွင်း ရွှေဈေးနှုန်းဟာ (၈)သိန်းတစ်သောင်းနဲ့ စံချိန်တင် မြင့်တက်နေတာဟာ တစ်ပတ်ကျော် ကြာမြင့်လာနေပြီဖြစ်ပါတယ်။ ဒီအကြောင်းအပြည်အစုံကို MCN သတင်းထောက် ဇေယျာက တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးကွက်မှာ အရင်က ရွှေတစ်ကျပ်သားကို ငွေကျပ် 801500 အများဆုံးတက်ခဲ့ပြီး နေ့တစ်ဝက်သာ တက်ချိန်ကြာမြင့်ခဲ့ပါတယ်။ အခု ရွှေတကျပ်သားကို 810000 ၀န်းကျင့်ခန့်ရှိနေပြီး ရက်သတ္တ တစ်ပတ်ကျော်ထိ စံချိန်တင်မြင့်တက်နေတာဖြစ်ပါတယ်။

ဒီလို မြင့်တက်နေရတာဟာ နိုင်ငံတကာရွှေဈေးကွက်မှာ ထူးထူးခြားခြားမြင့်တက်တဲ့အတွက် ပြည်တွင်းရွှေ ဈေးကွက်ပါ ရွှေဈေးနှုန်းတွေမြင့်တက်နေတယ် သုံးသပ်ကြ ပါတယ်။ ဒီလို ရွှေဈေး မြင့်တက်နေပေမယ့်
ပြည်တွင်း ရွှေဈေးကွက်အတွင်း အရောင်းအ၀ယ်ကတော့ တည်ငြိမ်နေတာပါ။

နိုင်ငံတကာ ရွှေဈေးကွက်ဟာ ရေနံဈေးကွက် နိုင်ငံတကာမှာရှိတဲ့ ဗဟိုဘဏ်တွေရဲ့ ဘဏ္ဍာရေး ပေါ်လစီ ၊ကမ္ဘာ့ထိပ်သီးနိုင်ငံတွေရဲ့နိုင်ငံရေးအပြောင်းအလဲတွေအပြင် သတ္တုတွင်းလုပ်ငန်းတွေ ဈေးနှုန်းမြင့်တက်လာ တာကြောင့် ရွှေဈေးကွက်အတွင်း ဈေးနှုန်းပြောင်းလဲလာတာဖြစ်ပါတယ်။ ဒါ့အပြင် စတော့ရှယ်ဈေးကွက်အတွင်းလည်း ဈေးနှုန်းတည်ငြိမ်မှုမရှိတာကြောင့် သတ္တုဈေးကွက်တစ်ခုဖြစ်တဲ့ ရွှေနဲ့ ပလက်တီနမ်ဈေးကွက်တွေကို ရင်းနှီးမြှုပ်နှံမှုပိုမိုလုပ်လာကြတဲ့အတွက် ရွှေဈေးနှုန်း ပိုမိုမြင့်တက်လာတာ ဖြစ်တယ်လို့ ရွှေဈေးကွက်လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)