အမျိုးသား ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ကော်မတီ ဖွဲ့စည်း

0
262

နိုင်ငံတော်သမ္မတ ဦးထင်ကျော်က အမျိုးသား ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်းများ အကောင်အထည်ဖော်ရေး ကော်မတီကို ဖွဲ့စည်းလိုက်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့ ရက်စွဲနဲ့ အမိန့်ကြေညာစာ ထုတ်ပြန်ပြီး ဖွဲ့စည်းလိုက်တဲ့ အဲ့ဒီကော်မတီထဲမှာတော့ အဖွဲ့ဝင် ၂၂ ဦး ပါဝင်ထားပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမှာပါ။

ဒီကော်မတီအနေနဲ့ အမျိုးသားပို့ဆောင်ရေး ပင်မစီမံကိန်း (National Transport Master Plan) မှာ ပါဝင်တဲ့ လုပ်ငန်းစီမံကိန်းတွေ အကောင်အထည်ဖော်နိုင်ဖို့အဓိက ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)