ရေအရင်းအမြစ်တွေကို စီမံဆောင်ရွက် နိုင်ဖို့အတွက် ကော်မတီဖွဲ့စည်း

0
340

အစိုးရသစ်က တစ်နိုင်ငံလုံးအတိုင်းအတာ လွှမ်းခြုံသည့် ရေအရင်းအမြစ်တွေကို စီမံဆောင်ရွက် နိုင်ဖို့အတွက် အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ ဖွဲ့စည်းလိုက်ကြောင်း နိုင်ငံတော်သမ္မတ က ထုတ်ပြန်ကြေညာလာပါတယ်။

နိုင်ငံတော် ဒုတိယသမ္မတ (၂) ဦးစတီဗင်ဗန်ထီးယူက ဥက္ကဋ္ဌ အဖြစ် ဦးဆောင်မယ့် အဲ့ဒီကော်မတီမှာ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက ပြည်ထောင်စုဝန်ကြီး ၆ ဦး၊ ရန်ကုန်နဲ့ မန္တလေးက မြို့တော်ဝန်တွေ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရအဖွဲ့တွေက ကိုယ်စားလှယ် ၀န်ကြီးတွေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ ဦးစီးဌာနတွေက အမြဲတမ်းအတွင်းဝန်နဲ့ ညွှန်ကြားရေးမှူးချုပ်တွေအပါဝင် အဖွဲ့ဝင် ၂၁ ဦး ပါဝင်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)