မြန်မာနိုင်ငံရဲ့လူဦးရေ ၆.၅ ရာခိုင်နှုန်း အသည်းရောင် အသားဝါဘီပိုး ကူးစက်ခံထားရ

0
324

မြန်မာနိုင်ငံရဲ့လူဦးရေ ၆.၅ ရာခိုင်နှုန်း အသည်းရောင်အသားဝါ ဘီပိုးကူးစက်ခံထားရပြီး အများစုဟာ ရန်ကုန်တိုင်းဒေသကြီးမှာဖြစ်ပွားနေတယ်လို့ အသည်းဖောင်ဒေးရှင်းက ပြောဆိုလိုက်ပါတယ်။

၂၀၁၅ ခုနှစ် မေလက နိုဝင်ဘာလအထိ မြန်မာနိုင်ငံတစ်ဝန်း အသက် ၁၅ နှစ်နဲ့ အသက် ၈၀ ကြားရှိ လူဦးရေ ၅၅၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့တာပါ။ စစ်တမ်းများအရ လူ ၁၀၀ မှာ အသည်းရောင်အသားဝါ ဘီပိုး ကူးစက်ခံထားရသူ ခြောက်ဦးရှိပြီး အသည်းရောင်အသားဝါ စီပိုးကူးစက်ခံထားရသူဟာ လူ ၁၀၀ မှာ သုံးဦးရှိနေတာဖြစ်ပါတယ်။

အသည်းရောင်အသားဝါပိုးကူးစက်ခံရမှုဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ အဖြစ်အများဆုံးဖြစ်ပြီး လူ ၁၀၀ မှာ ၁၃ ဦး ရောဂါကူးစက်တာခံနေရတာဖြစ်ပါတယ်။ မွန်ပြည်နယ်မှာတော့ အသည်းရောင်အသားဝါစီ ပိုးကူးစက်မှုနှုန်းမြင့်မားပြီး လူ ၁၀၀ မှာ ၁၀ ဦး ရောဂါကူးစက်ခံနေရတယ်လို့ စစ်တမ်းများအရ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)