နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်တွေအတွက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီ အစည်းအဝေး ကျင်းပ

0
374

အကြိမ်(၃၀)မြောက် မြန်မာ-ထိုင်း ဒေသဆိုင်ရာ နယ်ခြားကော်မတီအစည်းအဝေးကို ကျိုင်းတုံမြို့မှာ ဇွန်လ (၂၁)ရက်နေ့က စတင်ကျင်းပနေပြီဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ နှစ်နိုင်ငံ ယုံကြည်မှုတည်ဆောက်ခြင်း ဆိုင်ရာ ကိစ္စရပ်တွေ၊ နယ်စပ်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်တွေ၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသောဆေးဝါးတွေ ပူးပေါင်းနှိမ်နင်းခြင်းဆိုင်ရာကိစ္စရပ်တွေ၊ နယ်နိမိတ်ဆိုင်ရာ ကိစ္စရပ်တွေကို ကဏ္ဍအလိုက်ဆွေးနွေးကြတာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ တပ်မတော်အရာရှိကြီးတွေ၊ ဌာနဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်နေကြပြီး ထိုင်းနိုင်ငံဘက်က ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Lt.Gen. Somsak Nilbanjerdkul နှင့်အဖွဲ့ဝင်တွေ တက်ရောက်ကြတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)