နိုင်ငံခြားသားတွေကြောင့် နိုင်ငံတော် လုံခြုံရေး မထိခိုက်စေဖို့ ကော်မတီဖွဲ့စည်း ဆောင်ရွက်

0
237

အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံအတွင်းကို ဝင်/ထွက် သွားလာနေကြတဲ့ နိုင်ငံခြားသား တွေနဲ့ပတ်သက်ပြီး နိုင်ငံတော် လုံခြုံရေးကို ထိပါးမှု မရှိစေရေးအတွက် “နိုင်ငံခြားသားများ ကြီးကြပ် စောင့်ရှောက်ရေး ဗဟိုကော်မတီ” ကို နိုင်ငံတော်သမ္မတက ဖွဲ့စည်းလိုက်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့ ရက်စွဲနဲ့ ဖွဲ့စည်းလိုက်တဲ့ အဲ့ဒီကော်မတီမှာ အဖွဲ့ဝင် ၁၉ ဦးပါဝင်ပြီး ဒုတိယသမ္မတ ဦးမြင့်ဆွေကို ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကို အတွင်းရေးမှူး အဖြစ်တာဝန်ပေးအပ်ထားတာပါ။ အဲ့ဒီကော်မတီအနေနဲ့ နိုင်ငံခြားသားတွေကို တရားဥပဒေနဲ့ အညီ ကာကွယ် စောင့်ရှောက်မှု ပေးနိုင်ရေးတွေကို ဆောင်ရွက်ကြရမှာလည်း ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)