စစ်အာဏာရှင် ထိုင်းနိုင်ငံကို ဒီမိုကရေစီ မြန်မာနိုင်ငံရဲ့ ခေါင်းဆောင်တစ်ဦး တရားဝင်သွားရောက်

0
324

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ကံကြမ္မာအပြောင်းအလဲကို မီးမောင်းထိုးနေတယ်လို့ အမေရိကန်အခြေစိုက် Bloomberg မီဒီယာက ရေးသားလိုက်ပါတယ်။

ယခင်က ထိုင်းနိုင်ငံက ရွေးကောက်ခံ ဒီမိုကရေစီခေါင်းဆောင်တွေဟာ စစ်အာဏာရှင်မြန်မာနိုင်ငံကို လာရောက်နေခဲ့ရာကနေ အခုဆိုရင် ဒီမိုကရေစီနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံက ခေါင်းဆောင်တစ်ဦး စစ်အာဏာရှင် နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံကို သွားရောက်ရတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ ဒုတိမြောက် အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ပြီး လွန်ခဲ့တဲ့နှစ်နှစ်ကျော်က စစ်တပ်က အာဏာသိမ်းထားတဲ့ စစ်အာဏာရှင်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ထိုင်းနိုင်ငံ ကာစီကွန်ဘဏ်ရဲ့ သုတေသနအကြီးအကဲတစ်ဦးဖြစ်တဲ့ စီပါချိုင်က မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအောင်မြင်ခဲ့တဲ့ ၁၉၈၀ လောက်ကပုံစံတွေ ပြုလုပ်နေပြီး ထိုင်းနိုင်ငံကတော့ မကြာခင်ကမှ မြန်မာတွေ စွန့်ပစ်ခဲ့တဲ့ အာဏာရှင်စနစ်ကို ပြန်လုပ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)