နိုင်ငံတကာ အ၀မယ် ပြိုင်ပွဲ စင်ကာပူနိုင်ငံသူ ဗိုလ်စွဲ

0
355

အပြည်ပြည်ဆိုင်ရာအ၀မယ်ပြိုင်ပွဲမှာ စင်ကာပူနိုင်ငံက အ၀မယ်တစ်ဦး ဗိုလ်စွဲသွားခဲ့ပါတယ်။ တန်ဇီမီလို့ အမည်ရတဲ့ သူဟာ ပြိုင်ပွဲဝင် ၁၀ ဦးကိုကျော်ဖြတ်ပြီး အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲကို လတ်ဗီးယားနိုင်ငံမှာ ဇွန်လ ၉ ရက်နေ့က ကျင်းပခဲ့တာဖြစ်ပြီး World Plus Size ရဲ့ သရဖူကို ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။
အဲဒီပြိုင်ပွဲမှာ သူဟာ ဘော်ကြယ်တွေတပ်ဆင်ထားပြီး အောက်ပိုင်းကို ဇာတွေနဲ့ လွှမ်းခြုံထားတဲ့ ငွေရောင်ဝတ်စုံကို ၀တ်ဆင်ခဲ့တာဖြစ်ပါတယ်။ သူ အသက် ၂၁ နှစ်အရွယ်မှာ ၀ိတ်ချဖို့ အမျိုးမျိုး ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘဲ သူရဲု့ကိုယ်အလေးချိန်က သူ့ကို အကျည်းတန်စေခဲ့တယ်လို့ အ၀မယ်တန်က မီဒီယာတစ်ခုကို ပြောဆိုခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)