တရုတ်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရေကြီး ရေလျှံမှုကြောင့် လူ ၂၂ ဦး သေဆုံး

0
295

တရုတ်နိုင်ငံ တောင်ပိုင်းမှာ ဇွန်လ ၁၈ ရက်နေ့ကစပြီး ဆိုးဆိုးဝါးဝါး ရေကြီးရေလျှံမှုတွေအတွင်း အနည်းဆုံး လူ၂၂ ဦး သေဆုံးခဲ့ပြီးတော့ လူ ၂၀ ခန့်က ပျောက်ဆုံးနေတယ်လို့ ဇွန်လ ၂၁ ရက်က နိုင်ငံပိုင်မီဒီယာက ကြေညာခဲ့ပါတယ်။

ဂွမ်ဇူးပြည်နယ်အနောက်တောင်ဘက်ဒေသမှာ ရှိတဲ့ ရှင်းအိမြို့မှာ ဇွန်လ ၂၀ ရက်နေ့ က ရေကြီးမှုကြောင့် ကျောက်မီးသွေး သတ္ထုမိုင်းမှာ လူ ၈ ယောက်ခန့် ပိတ်မိနေပြီး နေ့လည် ၁၂ နာရီအထိ ကယ်ဆယ်ဖို့လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဟူနန် ပြည်နယ်မှာလည်း ရေကာတာ တစ်ခု ပြိုကျခဲ့တာကြောင့် လူပေါင်း ၁သောင်း၈ထောင်ကျော် နေအိမ်တွေကို စွန့်ခွာခဲ့ရပါတယ်။ တရုတ်နိုင်ငံရဲ့ ရှင်ဂျင်းပြည်နယ်နဲ့ ဂျန်ရှီပြည်နယ်တွေမှာလည်း ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

လေပြင်းမုန်တိုင်းကြောင့် မြစ်ရေကြီးမှုတွေ စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပြီး အိမ်ပေါင်း ၁သောင်းကျော် ပျက်စီးခဲ့ရပြီဖြစ်ပါတယ်။ အခုလို ရေကြီးရေလျံမှုကြောင့် ဆုံးရှုံးမှု တန်ဖိုး ယွမ် 7.34 ဘီလီယံ အမေရိကန် ဒေါ်လာ 1.1 ဘီလီယံ ရှိနေပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ငလျင်ဘေး နဲ့ ရေဘေး စတဲ့ သဘာဝ ဘေးအန္တရာယ်တွေ မကြာခဏ ကျရောက်တဲ့ နိုင်ငံဖြစ်ပြီး ရေဘေးကိုတော့ နှစ်စဉ် ကြုံတွေ့နေရတာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ပြင်းထန်တဲ့ အယ်လ်နီညိုရာသီဥတုကြောင့် ဒီနှစ်မှာစံချိန်တင်ရေကြီး မယ်လို့ သတိပေးထားတာဖြစ်ပါတယ်။ ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေ မျက်နှာပြင် အပူချိန်တွေက မြင့်မားလာတာကြောင့် ကမ္ဘာတစ်ဝန်းမှာလည်း သီးနှံပျက်စီးတာတွေ တောမီးလောင်တာတွေ ရေကြီးမှုတွေ မိုးခေါင် ရေ ရှားမှု တွေ စတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)