ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနိုင်ရေး အစိုးရအဖွဲ့တစ်ခုလုံး သက်သတ်လွတ်စားဖို့ လိုတယ်လို့ ဦးစံလင်း ပြော

0
441

NLD အစိုးရအဖွဲ့ သတ်သက်လွတ်စားမှ ဓမ္မစေတီခေါင်းလောင်းပြန်လည်ဆယ်ယူနိုင်မယ်လို့ ဦးစံလင်း က ဇွန်လ ၂၁ ရက်နေ့က စီးတီးစတားဟိုတယ်မှာ ကျင်းပတယ် စာနယ်ဇင်းရှင်းပွဲမှာပြောကြားလိုက်ပါတယ်။

ရန်ကုန်မြစ်အတွင်းနစ်မြှုပ်နေတဲ့ ဓမ္မစေတီခေါင်းလောင်းပြန်လည် တူးဖော်နိုင်ဖို့အတွက် အစိုးရအဖွဲ့မှ သတ်သက်လွတ်စားဖို့လိုအပ်ပြီး ခွင့်ပြုချက်ချပေးဖို့ လိုကြောင်း ဦးစံလင်းကပြောဆိုလိုက်တာပါ။ ခေါင်းလောင်းကြီးဆယ်ယူဖို့အတွက် သောင်တူးစက် လိုအပ်နေပြီး မိုးတွင်းကာလမှာ ဆယ်ယူပါက ပိုမိုထိရောက်မှုရှိမယ်ပြောပါတယ်။

တိုင်းဒေသကြီးအစိုးရခွင့်ပြုချက်ရရှိလို့ ခေါင်းလောင်းကြီးဆယ်ယူပြီးခဲ့ပါက သန်လျင်မြို့မှာ ရှိတဲ့ ငဇင်ကာအုတ်ဂူနဲ့ ဓာတုကလျာအုတ်ဂူတွေပါ တူးဖော်ဖို့ရှိနေတယ်လို့ ပြောပါတယ်။ ၂၀၁၄ ခုနှစ်က ဓမ္မစေတီခေါင်းလောင်း ဆယ်ယူရန်ကြိုးပမ်းခဲ့ရာ အမှောင့်ပယောဂတွေကြောင့် ခေါင်းလောင်းဆယ်ယူနိုင်ခဲ့ခြင်းမရှိဘူးလို့ ဦးစံလင်းကပြောပါတယ်။

၂၀၁၄ ခုနှစ်က ဓမ္မစေတီခေါင်းလောင်း ဆယ်ယူနိုင်ရန်အတွက် အလှူရှင်များရဲ့ ထည့်ဝင်ငွေတွေကို ခေါင်းလောင်းတူးဖော်စဉ်က ယခင်ဝန်ကြီးချုပ်၊ လက်ရှိ ဒုသမ္မတ ဦးမြင့်ဆွေက ထိန်းသိမ်းထားခဲ့ပြီး တူးဖော်ရေးလုပ်ငန်းရပ်ဆိုင်းပြီးနောက် ဦးစံလင်းထံ ခေါင်းလောင်းတူးဖော်ရေးအတွက် ထည့်ဝင်ငွေများကို ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး တန်ဖိုးမည်မျှလွှဲပြောင်းတာကိုတော့မဖော်ပြနိုင်ဘူးလို့သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)