ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းမသုံးဖို့ မစ္စယန်ဟီလီကို ဒေါ်အောင်ဆန်းစုကြည် သတိပေး

0
352

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို ရှောင်ရှားဖို့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီကို တနင်္လာနေ့က တရားဝင်ပြောကြားလိုက်ပါတယ်။

လူ့အခွင့်အရေးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီလီဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာတွေ့ဆုံခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အာဏာရပြီးပထမဆုံးအကြိမ် တွေ့ဆုံမှုမှာ အဲဒီလိုပြောကြားခဲ့တယ်လို့ ရိုက်တာသတင်းဌာန ဖော်ပြထားပါတယ်။

ဒီမနက်သူတို့တွေ့ဆုံမှုမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီအသုံးအနှုန်းဟာ အကဲဆတ်တဲ့စကားလုံးဖြစ်တာကြောင့် အဲဒီအသုံးအနှုန်းကို ရှောင်ရှားဖို့ ရှင်းပြခဲ့တာပါလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးအောင်လင်းက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)