မိမိမြို့နယ်မှာ မီးပြတ်ရင်၊ မီးအားမပြည့်ရင် တာဝန်ယူထားတဲ့ ကုမ္ပဏီကို တိုင်ကြားနိုင်ပြီ

0
424

ပုဂ္ဂလိကကုမ္ပဏီတွေကို အငှားလုပ်ကိုင်ခွင့်ပေးထားတဲ့ မြို့နယ် ၁၅ ခု အတွင်းမှာ လျှပ်စစ် ဓါတ်အားအပြည့်အ၀မရရှိခြင်းနဲ့ လျှပ်စစ်ဓါတ်အား မကြာခဏ ပြတ်တောက်မှုတွေအတွက် တိုင်ကြားနိုင်ဖို့နဲ့ စောဒက တက်နိုင်ဖို့ အတွက် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးကော်ပိုရေးရှင်း (YESC)က စီစဉ်နေပြီဖြစ်ပါတယ်။

ဒီသတင်း အပြည့်အစုံကို တော့ MCN သတင်းထောက် နေမင်းခက ပေးပို့ထားပါတယ်။

ရန်ကုန်လျှပ်စစ် ဓါတ်အားပေးရေး ကော်ပိုရေရှင်း (YESC)နဲ့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်နေတဲ့ ပုဂ္ဂလိကကုမ္ပဏီ ၁၀ ခု က တာဝန်ယူထားတဲ့ ရန်ကုန်တိုင်းအတွင်း မြို့နယ် ၁၅ ခုမှာ လျှပ်စစ်ဓါတ်အား ပြည့်ဝစွာ မရရှိခြင်းနဲ့ လျှပ်စစ်ဓါတ်အား မကြာခဏ ပြတ်တောက်မှုတွေအတွက် တိုင်ကြားနိုင်ဖို့နဲ့ စောဒကတက်နိုင်ဖို့အတွက် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေရှင်း(YESC) က မြို့နယ်အလိုက် ဖုန်းနံပါတ်တွေ မကြာခင် ထုတ်ပြန်ပေးတော့မှာပါ။

လျှပ်စစ်ဓါတ်အား ဖြန့်ဖြူရေးအတွက် ပုဂ္ဂလိကကုမ္ပဏီ ၁၀ ခုက တာဝန်ယူထားတဲ့ မြို့နယ် ၁၅ မြို့နယ်မှာ ဒဂုံအရှေ့၊ ရန်ကင်း၊ သာကေတ၊ ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ အလုံ၊ စမ်းချောင်း၊ ဗဟန်း၊ လှိုင်၊ မရမ်းကုန်း၊ ဒဂုံမြို့နယ်၊ လှိုင်သာယာနဲ့ အင်းစိန်မြို့နယ်တို့ပဲဖြစ်ပါတယ်။

အဲ့ဒီ ၁၅ မြို့နယ်အတွင်းမှာ လျှပ်စစ်သုံးစွဲတဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ မြို့နယ်ကို ဘယ်ကုမ္ပဏီက လျှပ်စစ်ဓါတ်ပေးနေတာလဲဆိုတာ သိအောင်လို့ အခုလကုန်မှာ အငှားလုပ်ကိုင်ခွင့် ပေးထားတဲ့ ပုကလိက ကုမဏီ ၁၀ ခု ရဲ့ အမည် တွေကို အဲ့ဒီ မြို့နယ်တွေမှာ ဆိုင်းဘုတ် ထောင်ကာပြသဖို့ ရန်ကုန်လျှပ်စစ် ဓါတ်အားပေးရေး ကော်ပိုရေရှင်း (YESC )က ညွန်ကြားထားတာပဲဖြစ်ပါတယ်။

ရန်ကုန်လျှပ်စစ် ဓါတ်အားပေးရေး ကော်ပိုရေရှင်း (YESC) အနေနဲ့ ရက် ၁၀၀ စီမံချက်မှာပါရှိတဲ့ မြို့နယ်အလိုက် ထရန်စဖော်မာ ဆောက်လုပ်ကာ လျှပ်စစ်ဓါတ်အားပေးရေးနဲ့ ပတ်သက်ပြီး လက်ရှိအချိန် အထိ ထရန်စဖော်မာ အလုံး ၁၀၀ ဆောက်လုပ် ပြီးစီးနေပြီးဖြစ်ပြီး ဇူလိုင် ပထမပတ်မှာ ကျန်ရှိတဲ့ အလုံး ၅၀ အပြီးသတ် တပ်ဆင်တည်ဆောက်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)