လူကုန်ကူးမှုဆိုင်ရာ သတင်းအချက်အလက်တွေ ဖြန့်ဝေနေတဲ့ Impulse NGO Network အဖွဲ့ မြ၀တီသို့ လာရောက်လေ့လာ

0
330

အိန္ဒိယနိုင်ငံအခြေစိုက် လူကုန်ကူးမှုဆိုင်ရာ သတင်းအချက်အလက်တွေ ဖြန့်ဝေနေတဲ့ Impulse NGO Network အဖွဲ့ဟာ မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့ကို လေ့လာရေးခရီးအဖြစ် ဇွန်လ ၁၉ ရက်နေ့က လာရောက်ခဲ့ပါတယ်။

ဒီသတင်းကို MCN သတင်းထောက် ကေသွယ် က သတင်းပေးပို့ထားပါတယ်။(ရိုက်ကူး-မတင်မာဆွေ၊ မုံရွာ)

Impulse NGO Network က ဦးဆောင်ပြီး အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းဒေသက လူကုန်ကူးမှုတားဆီး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အဖွဲ့တွေဟာ မြ၀တီမြို့က မြို့နယ်ရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးရေးအဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာအစိုးရနဲ့ တွေ့ဆုံပြီး လူကုန်ကူးမှုနဲ့ ပတ်သတ်ပြီး အထူးဆွေးနွေးခဲ့ကြတာပါ ။ နယ်စပ်မှာ အမျိုးသမီး လူကုန်ကူးခံနေရတာနဲ့ပတ်သက်လို့ နှစ်နိုင်ငံပူးပေါင်းပြီး ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မလဲ။ ကျွန်မတို့ကို ဆွေးနွေးခွင့်ပေးတဲ့အတွက် မြန်မာဖက်က တာဝန်ရှိသူတွေကို အရမ်းကျေးဇူးတင်ပါတယ်။

အဲဒီလို တွေ့ဆုံခဲ့ပြီး လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေကို တာဝန်ရှိသူတွေက ရှင်းလင်းဆွေးနွေးခဲ့သလို နှစ်နိုင်ငံဆက်သွယ်ထားတဲ့ ချစ်ကြည်ရေးတံတား၊ လူကုန်ကူးခံရသူတွေကို စောင့်ရှောက်ပေးထားတဲ့ ဂေဟာတွေသွားရောက်ခဲ့ပြီး မြန်မာနိုင်ငံ နယ်စပ်ဆက်ဆံရေးရုံးကိုလည်း သွားရောက်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံအခြေစိုက် Impulse NGO Network အဖွဲ့ဟာ အိန္ဒိယနိုင်ငံမှာ လက်ရှိအသုံးပြုနေတဲ့ လူကုန်ကူးမှုဆိုင်ရာ သတင်းအချက်အလက်တွေ ရယူခြင်းနဲ့ ဖြန့်ဝေတဲ့လုပ်ငန်းတွေကို ပြန်လည်ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)