အင်ဒိုနီးရှား ရေပိုင်နက်ထဲ ငါးခိုးဖမ်းတဲ့ တရုတ်သင်္ဘောကို အင်ဒိုရေတပ် ပစ်ခတ်ဖမ်းဆီး

0
304

အင်ဒိုနီးရှားရေပိုင်နက်ထဲမှာ တရားမ၀င်ငါးဖမ်းနေတဲ့ တရုတ်သဘောင်္တစ်စီးကို အင်ဒိုနီးရှားရေတပ်က ဇွန်လ ၂၀ ရက်နေ့ ပစ်ခတ်ခဲ့ပါတယ်။

ဒီပစ်ခတ်မှုကြောင့် တရုတ်ငါးဖမ်းသမားတစ်ဦးဒဏ်ရာရရှိခဲ့ပြီး ငါးဖမ်းသမား အများအပြား ထိန်းသိမ်းခံထားရတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောဆိုလိုက်ပါတယ်။
အင်ဒိုနီးရှားရေတပ်ကတော့ သင်္ဘောသားခုနစ်ဦးပါဝင်ပြီး တရုတ်အလံလွှင့်ထူထားတဲ့ ရေယာဉ်တစ်ဦးကို ထိန်းသိမ်းထားပြီး တစ်ဦးမှ ဒဏ်ရာရရှိခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

အဲဒီပစ်ခတ်မှုဟာ အင်ဒိုနီးရှားနိုင်ငံ နာတူနာကျွန်းအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အင်ဒိုနီးရှားရေလုပ်ငန်းဝန်ကြီးကတော့ အင်ဒိုနီးရှားရေတပ်ရဲ့ လုပ်ဆောင်ချက်မှန်ကန်ပြီး ဒါဟာ နိုင်ငံရဲ့အချုပ်အခြာကို ထိန်းသိမ်းတာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ပစ်ခတ်မှုကို နည်းလမ်းတကျလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် အင်ဒိုနီးရှားနိုင်ငံသမ္မတ ဂျိုကိုဝီဒိုဒိုနဲ့ လုံခြုံရေးဝန်ကြီးတို့ တနင်္လာနေ့က တွေ့ဆုံခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံရဲ့အချုပ်အခြာကို ကာကွယ်ဖို့အမိန့်ပေးခဲ့တယ်လို့ သမ္မတပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)