ရန်ကုန်ယူနိုက်တက် နည်းပြသစ်အဖြစ် ကစားသမားဟောင်း ဦးမျိုးမင်းထွန်းအား ခန့်အပ်

0
363

ရန်ကုန်ယူနိုက်တက်အသင်းက နည်းပြချုပ် မာယန်ရဲ့နေရာမှာ အသင်းရဲ့ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဦးမျိုးမင်းထွန်းကို နည်းပြချုပ်သစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဦးမျိုးမင်းထွန်းဟာ ရန်ကုန်ယူနိုက်တက်အသင်း စတင်တည်ထောင်ကတည်းက ပါဝင်ကစားခဲ့သူတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်ဘောလုံးရာသီအပြီးမှာ ကစားသမားဘ၀က အနားယူခဲ့သူဖြစ်ပါတယ်။ ကစားသမားဘ၀က အနားယူပြီး ရန်ကုန်ယူနိုက်တက်အသင်း နည်းပြအဖွဲ့မှာ နိုင်ငံခြားသားနည်းပြများနဲ့ အတူ အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

အသင်းက အခုလို နည်းပြချုပ်အဖြစ်ခန့်အပ်တဲ့အတွက် အကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်ပြီး အသင်းကိုအကောင်းဆုံးပုံစံရအောင် တည်ဆောက်သွားမယ်လို့ ဆိုပါတယ်။ ဦးမျိုးမင်းထွန်း နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ရန်ကုန်ယူနိုက်တက်အသင်းဟာ ဧရာဝတီယူနိုက်တက်အသင်းနဲ့ ပွဲဦးထွက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)