အင်န်အယ်လ်ဒီအစိုးရ ပြည်ထောင်စုစိတ်ဓာတ်ကို ချိုးဖောက်နေတယ်လို့ ရခိုင်အမျိုးသားပါတီက သဘောထား ထုတ်ပြန်

0
333

NLD အစိုးရအနေနဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို ချိုးဖောက်နေတယ်လို့ ရှုမြင်ကြောင်း ရခိုင်အမျိုးသားပါတီက သဘောထားထုတ်ပြန်ကြေညာလာပါတယ်။

ဇွန်လ ၁၇ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကျင်းပခဲ့တဲ့ (၃၂) ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံမှာ မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်က ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး “ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်း” လို့ သုံးနှုန်းခေါ်ဝေါ် ခဲ့တဲ့အပေါ် ဇွန်လ (၂၁) ရက်နေ့ ရက်စွဲနဲ့ သဘောထား ထုတ်ပြန်ကြေညာလိုက်တာပါ။

NLD အစိုးရအနေနဲ့ အဲ့ဒီလို လုပ်ဆောင်မှုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၆၄ နဲ့ ငြိစွန်းနေတယ်လို့လည်း မှတ်ယူကြောင်း ရခိုင်အမျိုးသားပါတီက ပြောကြားထားတာပါ။

ဒါ့အပြင် ရခိုင်အမျိုးသားပါတီအနေနဲ့ ဘင်္ဂါလီလူမျိုးလို့သာ ဆက်လက် သုံးစွဲမှာဖြစ်ပြီး “ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်း”၊ “ရခိုင်ပြည်နယ်မှ အစ္စလာမ်ဘာသာကိုးကွယ်သူများ” လို့ ခေါ်ဝေါ်သုံးစွဲတာတွေကို လုံးဝ လက်မခံကြောင်းကိုလည်း ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)