ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ရေး ဌာနက ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အသေးစိတ် ထုတ်ပြန်

0
365

လာမယ့် ဇွန်လ ၂၃ ရက်နေ့မှာစတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အသေးစိတ်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ဒီထုတ်ပြန်ချက်မှာ ဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုရေး၊ လုံခြုံရေးနဲ့ အလုပ်သမား၊ ကျောင်းသားတွေနဲ့တွေ့ဆုံမှုခရီးစဉ်တွေ ပါဝင်တာဖြစ်ပါတယ်။ ထုတ်ပြန်ချက်အရ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယ၀န်ကြီချုပ်က ကြိုဆိုမှာဖြစ်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမားအများစုရှိရာ တလေထိုင်းဈေးမှာ အလုပ်သမားတွေနဲ့ တွေ့ဆုံမှုအစီအစဉ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ထိုင်းတက္ကသိုလ်တွေက ကျောင်းသား/ သူများကို ဟောပြောပို့ချတဲ့ အစီအစဉ်တွေလည်း ပါဝင်ပြီး ရတ်ခ်ျဘူရခရိုင် စစ်ဘေးဒုက္ခသည်စခန်းကိုလည်း သွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။ ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နဲ့ နှစ်နိုင်ငံသဘောတူညီမှုစာချုပ်တွေလည်း ချုပ်ဆိုကြမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)