‘၀’နဲ့ မိုင်းလားအဖွဲ့ကို အပစ်ရပ် လက်မှတ်ထိုးဖို့ အစိုးရသစ် ကမ်းလှမ်း

0
374

မြန်မာနိုင်ငံမှာ အင်အားကြီးလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ (၀) ပြည် သွေးစည်း ညီညွတ် ရေးတပ်မတော် (UWSA) အပါအဝင် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်-မိုင်းလားအဖွဲ့ (NDAA) တို့ကို အစိုးရသစ်က အပစ်အခတ်ရပ်လက်မှတ်ထိုးဖို့ ကမ်းလှမ်းခဲ့ပါတယ်။

အစိုးရက အပစ်မရပ်သေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဖွဲ့စည်းပေးထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁-ရာစုပင်လုံ) အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ (၂)အဖွဲ့နဲ့ UWSA/ NDAA/ တို့နဲ့ ဇွန်လ ၁၇ရက်နေ့က မိုင်းလားမြို့မှာ သီးခြားတွေ့ဆုံစဉ်မှာ အခုလိုကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ပြောကြားလိုက်တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)