ကျား/မ တန်းတူညီမှု၊ ဖွံ့ဖြိုးတိုးတက်မှုရှိရေးနဲ့ အလုပ်အကိုင်များ ဖန်တီးပေးမှုတို့ကို လုပ်ဆောင်နေ တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

0
314

မြန်မာနိုင်ငံအစိုးရအနေနဲ့ ကျား/မ တန်းတူညီမှု၊ ဖွံ့ဖြိုးတိုးတက်မှုရှိရေးနဲ့ အလုပ်အကိုင်များ ဖန်တီးပေးမှုတို့ကို လုပ်ဆောင်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့ နေပြည်တော်မှာရှိတဲ့ Kenpinski ဟိုတယ်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ဘဏ်အဖွဲ့ဝင် International Development Association (IDA) ရဲ့ အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောကြားခဲ့တာပါ။ ဒါ့အပြင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးတို့ကိုလည်း ဆောင်ရွက်နေကြောင်းနဲ့ တက်ရောက်လာတဲ့ နိုင်ငံတွေအနေနဲ့ ရုပ်ပိုင်းဆိုင်ရာသာမက အသိပညာပိုင်းဆိုင်ရာ အကူအညီတွေ ပံ့ပိုးပေးစေလိုကြောင်းလည်း ပြောကြားခဲ့ပါတယ်။

IDA ဟာ ကမ္ဘာ့ဘဏ်အဖွဲ့ဝင် တစ်ခုဖြစ်သလို နိုင်ငံပေါင်း ၁၇၃ နိုင်ငံက ရှယ်ယာဝင်တွေ အဖြစ်ပါဝင်ပြီး ကမ္ဘာ့ဝင်ငွေ အနည်းဆုံးနိုင်ငံတွေရဲ့ စီးပွားရေးဖွံ့ဖြိုးရေး၊ ကျား/မ တန်းတူရှိရေးနဲ့ ပြည်သူတွေ လူနေမှုအဆင့်အတန်း မြှင့်တင်ပေးရေးဆိုင်ရာ စီမံချက်တွေအတွက် အတိုးနှုန်းသက်သာစွာနဲ့ ချေးငွေတွေကို ပံ့ပိုးပေးနေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)