အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ ဒုက္ခသည်များဆိုင်ရာ အိုလံပစ် အားကစားအသင်းအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံ

0
341

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌ တောမတ်ဘတ်ဟာ ဘရာဇီးနိုင်ငံ ရီယိုမြို့ရှိ အိုလံပစ်ပြိုင်ပွဲကျင်းပရာနေရာကိုသွားရောက်ခဲ့ပြီး ဒုက္ခသည်များဆိုင်ရာ အိုလံပစ် အားကစားအသင်း(TROA)ရဲ့ အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီအသင်းကို ၂၀၁၆ ခုနှစ် မတ်လက အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ IOC ကနေ ရီယို အိုလံပစ်ပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့ ဒုက္ခသည် ၅ ဦးကနေ ၁၀ ဦးထိ ရွေးချယ်ခဲ့ပြီး အဲဒီအဖွဲ့ကို Team of Refugee Olympic Athletes လို့ ခေါ်ဆိုခဲ့ပါတယ်။

အဲဒီအသင်းမှာ တောင်ဆူဒန်က အားကစားသမား ၅ ယောက် ဆီးရီးယားက ၂ ယောက်နဲ့ ကွန်ဒီမိုကရက်တစ် ကွန်ဂိုပြည်သူ့သမ္မတ နိုင်ငံက ၂ ယောက်နဲ့ အီသီးယိုးပီးယားက တစ်ယောက်တို့ ပါဝင်ပါတယ်။ အဖွဲ့မှာ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ ပါဝင်မှာ ဖြစ်ပြီး ပြေးခုန်ပစ်၊ ရေကူးနဲ့ ဂျူဒိုပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင် ကြမှာ ဖြစ်ပါတယ်။
တောမတ်ဘတ်က အဲဒီအဖွဲ့ဟာ ကမ္ဘာကြီးအတွက် အရေးကြီးတဲ့ သတင်းစကားကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

ဝင်ရောက်လာတဲ့ ဒုက္ခသည်တွေ ရဲ့ နိုင်ငံတွေကို သတင်းစကားပါချင်ပါတယ်။ ဒီဒုက္ခသည်တွေဟာ သူတို့ရဲ့ လူမှုအဖွဲ့အစည်းမှာ ချမ်းသာကြွယ်ဝသူဖြစ်ပါတယ်။ တိုင်းပြည်တွေကိုလည်း ဒုက္ခသည်တွေနဲ့ ပူးပေါင်းဖို့ လှုံ့ဆော်တာချင်တာဖြစ်သလို မကြာခင်မှာ ကစားသမားတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့လည်း လှုံ့ဆော်တာဖြစ်ပါတယ်လို့ ပြောပါတယ်။

ဒုက္ခသည်များဆိုင်ရာ အားကစားအဖွဲ့ကို အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီနဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) နဲ့ ပူးပေါင်းဖွဲ့စည်းထားတာပါ။
ကမ္ဘာတ၀ှမ်း ဒုက္ခသည်အရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ၆၅ သန်းကျော်အထိ ရှိခဲ့ပြီး၊ ဒါဟာ ၂၀၁၄ ခုနှစ်ကထက် ၆ သန်းနီးပါး တိုးလာတာဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဇွန်လ ၂၁ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)