မျှော်လင့်ချက်နည်းပါးပေမယ့် အဆိုတော်အသစ်များ အခွေထွက်ရှိဖို့ ကြိုးစားနေ

0
448

တေးစီးရီးတစ်ခွေထွက်ရှိလာဖို့ဆိုတာပာာ ကုန်ကျစရိတ်များပြားပြီး အောင်မြင်ဖို့အတွက်လည်း အာမခံချက်နည်းလွန်းပါတယ်။ ဒါပေမယ့်လည်း တေးစီးရီး ဈေးကွက်ထဲမှာ လစဉ်လိုလို တေးစီးရီးသစ် ထွက်ရှိမှုဟာ ရပ်တန့် မသွားသေးပါဘူး။

တေးစီးရီးရောင်းချလို့ရတဲ့ ငွေတွေထက် သူတို့ကို ပရိသတ်က နေရာတစ်နေရာသာပေးဖို့သာ မျှော်လင့်နေကြတာပါ။

မအောင်မြင်သေးတဲ့ တေးသံရှင်တွေကလည်း သူတို့နှစ်သက်တဲ့ ဂီတအမျိုးအစားတွေအပေါ် သူ့နည်းသူ့ပာန်နဲ့ ဘဝရပ်တည်နိုင်ဖို့အတွက်ကြိုးစားနေကြပါတယ်။ တေးစီးရီးထွက်ရှိဖို့ ငွေကြေး အခက်အခဲရှိသူတွေဟာ သီဆိုထားတဲ့ တေးသီချင်းတွေကို ကိုယ်တိုင်ကိုယ်ကျ အခမဲ့လိုက်လံဖြန့်ဝေခဲ့ ကြပါတယ်။
လူငယ်အဆိုတော် နောင်ကြီးဟာ ၆ နှစ်တာကာလအတွင်းမှာ အခမဲ့ ဖြန့်ဝေတဲ့ Mix Tape တစ်ခွေထွက်ရှိခဲ့ထားသူပါ။ သူဟာ ဂီတလောကမှာ အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့ကြိုးစားနေသူပါ။

လက်ရှိ ဂီတလောကက အနုပညာရှင်တွေပာာ အရင်လို တေးစီးရီးခွေရောင်းချနိုင်မှုနဲ့ရပ်တည်လို့မရတော့သလို ပရိသတ်လက်ခံလာတဲ့အခါ ဖျော်ဖြေရေးပွဲတွေကရရှိလာတဲ့ အနုပညာကြေးကိုသာ အားထားရပ်တည်နေကြတာလည်းဖြစ် ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)