သိန်း ၁၀၀ ထက်မပိုတဲ့ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းကို ၂ နှစ်အတွင်း အစိုးရ အကောင်အထည်ဖော်မယ်

0
395

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခန်းပေါင်း ၈၀၀၀ ပါဝင်ပြီး ကျပ်သိန်း ၁၀၀ ထက်မပိုတဲ့ တန်ဖိုးနည်း အိမ်ရာစီမံကိန်းကို ၂ နှစ်အတွင်း အကောင်အထည်ဖော်သွားမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားလိုက်ပါတယ်။

11090954_464507767050796_4364655339924738990_o

အဲဒီစီမံကိန်းကို တောင်ဒဂုံလို လွတ်နေတဲ့ မြေနေရာတွေမှာ အကောင်အထည် ဖော်သွားမှာဖြစ်ပြီး ဧက ၂၀၀ ကျော်ရှိတဲ့ မြေနေရာတွေပေါ်မှာ ၄ ထပ် ၅ ထပ် အမြင့်ရှိတဲ့ အဆောက်အအုံပေါင်း ၅၀ လောက်ကို တည်ဆောက်သွားမှာဖြစ်ပါတယ်။

အဲဒီစီမံကိန်းဟာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အခြေခံလူတန်းစားတွေ အိုးပိုင် အိမ်ပိုင် ဖြစ် စေဖို့အတွက် အဓိကရည်ရွယ်ပြီး ဆောက်လုပ်မှာ ဖြစ်တယ်လို့ မေလ ၁၉ ရက်နေ့က ရန်ကုန်မှာ ပြုလုပ်တဲ့ မြန်မာ-အိန္ဒိယ စီးပွားရေးဆိုင်ရာ အထူးသီးသန့်ဆွေးနွေးပွဲမှာ ပြောကြားလိုက်တာပဲဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)