ဆိုင်ကလုန်းမုန်တိုင်းရွန်နူကြောင့် မြန်မာနိုင်ငံမှာ မိုးကြီးမယ်

0
330

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းရွန်နူကြောင့် မြန်မာနိုင်ငံရဲ့ ဒေသတော်တော်များများမှာ မိုးကြီးပြီး ရွာရန်ရာနှုန်းပြည်ဖြစ်တယ်လို့ မိုးဇလက သတင်းထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ မနက် ၉ နာရီခွဲအချိန်တိုင်းတာချက်များအရ ယခုကဲ့သို့ ထုတ်ပြန်လိုက်တာဖြစ်ပြီး နောက် ၁၂ နာရီအတွင်း မုန်တိုင်းဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို စစ်တကောင်းမြို့အနီးက ဖြတ်မယ်လို့ ခန့်မှန်းထားပါတယ်။

IMD-Screen-Grab-ROANU-Cyclone

 

မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းကျရောက်နိုင်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးတဲ့အဆင့်ကို ရောက်မယ်လို့ သတိပေးထားပါတယ်။ အဲဒီလေပြင်းတိုက်ခတ်ချိန်မှာ လေတိုက်နှုန်းဟာ တစ်နာရီ မိုင် ၅၀ အထိ တိုက်ခိုက်နိုင်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)