မြောက်ကိုးရီးယား နျူးကရီးယား သံတမန် ကင်ဆာရောဂါနဲ့ ကွယ်လွန်

0
297

မြောက်ကိုးရီးယား နျူးကလီးယား သံတမန် Kang Sok Ju ဟာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ မြောက်ကိုးရီးယား နိုင်ငံပိုင် သတင်းဌာနက မေလ ၂၁ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

13278114_847763898661937_747859233_n

 

သူဟာ ၁၉၉၄ ခုနှစ်က နိုင်ငံ ရဲ့ နျူးကလီးယား လက်နက် ဖွံ့ဖြိုးမှု အဆုံးသတ်စေဖို့ အမေရိကန်နဲ့ မြောက်ကိုးရီးယားနိုင်ငံ နှစ်နိုင်ငံကြား နျူးကလီးယားဆိုင်ရာ သဘောတူညီမှု အတွက် စေ့စပ်ဆောင်ရွက်ပေးခဲ့သူဖြစ်ပါတယ်။

အဲဒီ သဘောတူညီချက်အရ မြောက်ကိုးရီးယားနိုင်ငံ ပြုံယမ်းမြို့မှာ စစ်ရေးအတွက် အသုံးမပြုတဲ့ မြောက်ကိုးရီးယားနိုင်ငံရဲ့ နျူးကလီးယားစက်ရုံ ဆောက်ဖို့ အမေရိကန်အနေနဲ့ သဘောတူညီထားပါတယ်။

၁၀ စုနှစ်တစ်စုနီးပါး နျူးကရီးယား လက်နက်ဆိုင်ရာ အစီအစဉ် ကြာမြင့်ခဲ့တာကြောင့် သဘောတူညီမှုဟာ ၂၀၀၃ ခုနှစ်မှာ ပျက်ပြယ်သွားခဲ့ပြီး မြောက်ကိုးရီးယားအနေနဲ့ ပထမဆုံး နျူးကရီးယား စမ်းသပ်မှုကို ၂၀၀၆ ခုနှစ်က စတင်ခဲ့တာပါ။

အဲဒီလို နျူးကလီးယား လက်နက် စမ်းသပ်ခဲ့တာကြောင့် ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုနဲ့ ပတ်သက်ပြီး သတိပေးခံခဲ့ရပါတယ်။

အဲဒီ သဘောတူညီချက် ပျက်ပြယ်သွားခဲ့တာကြောင့် မြောက်ကိုးရီးယားနဲ့ အမေရိကန် နှစ်နိုင်ငံဟာ အချင်းချင်း အပြစ်တင်ခဲ့ကြပြီး ဆက်ဆံရေး တင်းမာခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)