နိုင်ငံတော်သမ္မတအိမ်တော် သတင်းထောက်အဖြစ် လျှောက်ထားရန် ထုတ်ပြန်ကြေညာ

0
377

နိုင်ငံတော်သမ္မတ အိမ်တော်သတင်းတွေ ရယူနိုင်ဖို့အတွက် သတင်းထောက်တွေအနေနဲ့ အိမ်တော် ၀င်/ထွက် ခွင့် ကတ်တွေ အသစ်လျှောက်ထားကြဖို့ အစိုးရအဖွဲ့က အသိပေး ထုတ်ပြန်ကြေညာလိုက်ပါတယ်။

11235805_1040654049329304_9143868756922293824_n

မေလ ၂၀ ရက်နေ့ ရက်စွဲနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့၊ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းမီဒီယာ အသီးသီးဆီကို ပေးပို့လာတဲ့ အကြောင်းကြားစာထဲမှာတော့ အိမ်တော် ၀င်/ထွက်ခွင့် ကတ်တွေကို သတင်းဌာန တွေက သတင်းထောက်အနေနဲ့ မေလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး နိုင်ငံတော်သမ္မတရုံးကို ပေးပို့ လျှောက်ထားကြဖို့ နှိုးဆော်ထားတာပါ။ သမ္မတ အိမ်တော် သတင်းထောက် လျှောက်ထားလိုသူတွေ အနေနဲ့ သတင်းထောက် လုပ်သက် အနည်းဆုံး (၅) နှစ်ရှိဖို့ ကန့်သတ်ထားပြီး ပြည်တွင်း/ပြည်ပ သတင်းမီဒီယာဆိုင်ရာ သင်တန်း အနည်းဆုံး (၁) ကြိမ် တက်ရောက်ဖူးသူဖြစ်ဖို့စတဲ့ အချက် ၁၁ ချက်ပါဝင်တဲ့ စည်းကမ်းချက်တွေကို သတ်မှတ်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)