တောင်လေးလုံးကျောင်းတိုက်ဆရာတော် ပျံလွန်တော်မူ

0
311

မန္တလေးမြို့ အမရပူရ၊ တောင်လေးလုံးကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ကျောင်းထိုင်ဆရာတော် ဦးပညာဇောတဟာ ဒီကနေ့ မေလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီလောက်မှာ ပျံလွန်တော်မူခဲ့ပါတယ်။

13249562_1762792653955327_762880393_n

ဆရာတော် ပျံလွန်တော်မူချိန်မှာ သက်တော် (၈၄)နှစ်၊ ၀ါတော် ၆၄ ၀ါရှိပြီး လူကြီးရောဂါနဲ့ ပျံလွန်တော်မူခဲ့တာပါ။
ဆရာတော်ကို ၁၉၃၃ ခုနှစ်၊ ဇန်န၀ါရီလ ၅ ရက်နေ့ အမရပူရမြို့ တောင်ကြီးရပ်ကွက်မှာ မွေးဖွားခဲ့တာပါ။ ကိုးနှစ်သားအရွယ်မှာ တောင်လေးလုံးကျောင်းမှာစတင် ရှင်သာမဏေပြုခဲ့ပြီး ၁၆ နှစ်သားအရွယ်မှာ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသဆီမှာ ပညာသင်ခဲ့ကာ ဓမ္မာစရိယဘွဲ့ရရှိခဲ့ပါတယ်။
ဆရာတော်ဟာ ကိုပညာ(အမရပူရ)ကလောင်အမည်နဲ့ စာပေတွေ ရေးသားတော်မူခဲ့ပြီး ၁၉၉၆ ခုနှစ်က တောင်သမန်ဝန်းကျင်မှ သမိုင်းဝင်နေရာများ စာအုပ်နဲ့ အမျိုးသားစာပေးဆု ရရှိခဲ့ပါတယ်။
ဆရာတော်ရဲ့ဥတုဇရုပ်ကလာပ်ကို မေလ ၂၄ ရက်နေ့ နံနက် ၁၀ မှာ တောင်သမန် လင်ဇင်းကုန်းသုဿာန်မှာ မီးသဂြိုင်္လ်ပြီး ဂူသွင်းမြှုပ်နှံမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)