ရွန်နူမုန်တိုင်းအား အနီရောင်အဆင့်သတ်မှတ်ပြီး မြန်မာပြည်သူများ မုန်တိုင်းသတိပေးချက်နားစွင့်ထားဖို့ မိုးဇလသတိပေး

0
382

ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့ မုန်တိုင်းရွန်နူကို အနီရောင်အဆင့်သတ်မှတ်ထားပြီး ပြည်သူတွေအနေနဲ့ မုန်တိုင်းသတိပေးချက်ကို အမြဲနားစွင့်ထားဖို့ မိုးဇလဌာနက သတိပေးပြောဆိုလိုက်ပါတယ်။

DVT_India_Cyclone_0520_1280x720_1846853596

ရခိုင်ပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးဖြတ်ကျော်ဝင်ရောက်မယ်လို့ ခန့်မှန်းထားတယ်လို့လည်း မိုးဇလညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က MCN သတင်းဌာနကို ပြောပါတယ်။
“မုန်တိုင်းရဲ့ အခြေအနေကို မနက် ၈ နာရီက တိုင်းတာချက်အရ သတ်မှတ်လိုက်တာပါ။ မုန်တိုင်းသတင်းကို ပြည်သူတွေအနေနဲ့ နားစွင့်ထားသင့်ပါတယ်။ ကျွန်တော်တို့လည်း အချိန်နဲ့တစ်ပြေးညီ မုန်တိုင်းသတင်းကို ထုတ်ပြန်ပေးနေပါတယ်။” လို့ သူက ပြောပါတယ်။
အဆိုပါ ရွန်နူ” (ROANU) မုန်တိုင်း ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေကို ဖြတ်ကျော်ချိန်မှာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မိုင်(၅၀)ကနေ မိုင်(၆၀)ခန့်၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး နဲ့ မန္တလေးတိုင်းဒေသကြီး တို့မှာ အမြင့်ဆုံးလေတိုက်နှုန်း မိုင်(၄၀) ကနေ (၄၅)မိုင်ခန့် တိုက်ခတ်နိုင်တယ်လို့ သူက ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)