ပန်းဘဲတန်းမြို့နယ်က အန္တရာယ်ရှိ သုံးထပ်အဆောက်အအုံ ပြိုကျ

0
350

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် မဟာဗန္ဓုလလမ်း ၂၇ လမ်းနဲ့ ၂၈ လမ်းကြားက သုံးထပ်အဆောက်အဦ နောက်ပိုင်းဟာ ဇွန်လ (၁၉)ရက် နေ့လည်ပိုင်းက ပြိုကျမှုဖြစ်ပွားခဲ့ပါတယ်။

ဒီအဆောက်အဦဟာ ဆောက်လုပ် ထားတာ နှစ်(၁၀၀)နီးပါးရှိနေတာကြောင့် လွန်ခဲ့တယ် 2 နှစ်ကတည်းက အန္တရာယ်ရှိအဆောက်အဦအဖြစ်သတ်မှတ်ထားတာပါ။ လူနေထိုင်ခြင်း မရှိတော့တာကြောင့် ပြိုကျချိန်မှာ ထိခိုက်ဒဏ်ရာရရရှိသူ မရှိခဲ့ပါဘူး။ ဒီအဆောက်အဦကို ပြန်လည်တည်ဆောက်ဖို့ အဆောက်အဦပိုင်ရှင် ကန်ထရိုက်တာတွေအကြား ပြေလည်မှုမရရှိသေးတာကြောင့် တည်ဆောက်ဖို့ ကြာမြင့်နေတာဖြစ်တယ်လို့ ရပ်ကွက်အုပ်ရေးမှူးက ပြောပါတယ်။

အဆိုပါအဆောက်အဦနဲ့ ကပ်လျက်အနေအထားမှာ အခြေခံပညာမူလတန်းကျောင်းရှိနေပြီး ကျောင်းပြတင်းပေါက်နဲ့ ရေပိုက်လိုင်းတွေအနည်းငယ်ပျက်စီးခဲ့တဲ့အတွက် ကျောင်းခေတ္တ ပိတ်ထားလိုက်ရပါတယ်။ အခြားကပ်လျက် အိမ်တွေတော့ ထိခိုက်မှုမရှိခဲ့ပေမယ့် အဆောက်အအုံနီးစပ်ရာ ပတ်ဝန်းကျင်ကိုတော့ ၀င်ရောက်ခွင့် ပြုထားခြင်း မရှိပါဘူး။ ပြိုကျတဲ့ အဆောက်အဦကို စည်ပင်သာယာ အစီအစဉ်နဲ့ ဖြိုချဖို့ ညွှန်ကြားခဲ့ပြီ အနီးဝန်းကျင်က တိုက်တွေကိုလည်း ပေါက်ရောက်နေတဲ့ အပင်တွေကို မိမိတို့အစီစဉ်ဖြင့် ရှင်းလင်းဖို့ညွှန်ကြားထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)