နော်ဝေနိုင်ငံရှိ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံ ဖွင့်လှစ်

0
392

နော်ဝေနိုင်ငံ (ဖရိုလန်း) Froland မြို့မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ပန်းခြံဖွင့်ပွဲကို ဇွန်လ ၁၉ ရက်နေ့မှာကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းကို MCN သတင်းထောက် ကေသွယ်က သတင်းပေးပို့ထားပါတယ်။

နော်ဝေးမြို့ခံတွေနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ ပြည်သူ့ဥယျာဉ်ပန်းခြံထဲက မြေနေရာတခုကို ဒေါ်အောင်ဆန်းစုကြည် ပန်းခြံအဖြစ်ထားရှိခဲ့တာ ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အသက် ၇၁ နှစ်ပြည့်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒီ ပန်းခြံဖွင့်ပွဲကို နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Kjell Magne Bondevik ကိုယ်တိုင်တက် ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

နော်ဝေနိုင်ငံ မြန်မာသံအမတ်ကြီး ဒေါင်္မော်မော်ကလည်း ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သ၀ဏ်လွာကို ဖတ်ကြားပေးခဲ့ပြီး ဒီပွဲကို နော်ဝေနိုင်ငံသူ နိုင်ငံသားတွေနဲ့ နော်ဝေနိုင်ငံရောက် မြန်မာလူမျိုးတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

နော်ဝေနိုင်ငံ အော်စလိုမြို့က နိုဘယ်လ်ငြိမ်းချမ်းရေးစင်တာမှာ ဒေါ်အောင်ဆန်းစုကြည် ပုံတူကြေးရုပ်နဲ့ ဆင်တူ ကြေးရုပ်ကိုလည်း ပန်းခြံအသစ်မှာ ထားရှိဖို့ နော်ဝေ နိုင်ငံရောက် မြန်မာအသိုင်းအ၀ိုင်းက စီစဉ်နေပါတယ်။

နော်ဝေနိုင်ငံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီရေးကြိုးပမ်းမှုတွေကို အားပေးထောက်ကူ ခဲ့တဲ့ နိုင်ငံဖြစ်ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ၁၉၉၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ခဲ့ တာလည်း ဖြစ်ပါတယ်။

Credit:Daw Aung San Suu Kyi Park Norway

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)