အင်ဒိုနီးရှားမှာ သောင်တင်နေတဲ့ သီရိလင်္ကာနိုင်ငံက ရွေ့ပြောင်း ဒုက္ခသည်တွေ သြစတြေးလျသွားဖို့ မျှော်လင့်နေ

0
328

သြစတြေးလျသွားဖို့ မျှော်လင့်နေကြတဲ့ သီရိလင်္ကာနိုင်ငံက ရွေ့ပြောင်းဒုက္ခသည် ၄၀ ကျော်ဟာ လက်ရှိ အင်ဒိုနီးရှား ကမ်းခြေတစ်ခုမှာ သောင်တင်နေပါတယ်။

အင်ဒိုနီးရှားအာဏာပိုင်တွေက ဒုက္ခသည်တွေအတွက် ယာယီတဲတွေကို ဆောက်လုပ်ပေးထားပါတယ်။
သီရိလင်္ကာကနေ ကလေးငယ် ၉ ဦး အပါအ၀င် ဒုက္ခသည် ၄၄ ဦးတင်ဆောင်လာတဲ့ စက်လှေတစ်စင်းဟာ ပြီးခဲ့တဲ့ တစ်ပတ်လောက်က စက်ချို့ယွင်း မီးလောင်ခဲ့တာကြောင့် ကမ်းခြေကို ကူးခတ်ခဲ့ရတယ်လို့ဆိုပါတယ်။

ဒုက္ခသည်တစ်ဦးဖြစ်တဲ့ Artikhaa က သီရိလင်္ကာနိုင်ငံက လူတွေက သြစတြေးလျကို အကူအညီရဖို့အတွက် သွားကြတယ်လို့ ပြောပါတယ်။
အင်ဒိုနီးရှားနိုင်ငံရေး တာဝန်ရှိသူတစ်ဦးက သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ သူတို့ရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးဖို့ သီရိလင်္ကာက အစိုးရနဲ့ ပူးပေါင်းဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။

သူတို့ကို မှတ်ပုံတင်ဖို့ နဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးဖို့ သီရိလင်္ကာက အစိုးရတွေနဲ့ ချိတ်ဆက်နိုင်ဖို့ ကြိုးစားနေပါတယ် အဲဒီနောက် သူတို့နိုင်ငံကို ပြန်ပို့မယ် ဒါပေမဲ့ သြစတြေးလျကို ဆက်သွားချင်နေသေးတယ်ဆိုရင်လည်း အဲဒီမှာ အလုပ်ရဖို့လုပ်ဆောင်ပေးမှာပါလို့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ Aceh ခရိုင်မှာ ဒုက္ခသည်တွေ ရောက်ရှိလာတာက အခုပထမဆုံး အကြိမ်မဟုတ်ပါဘူး။ မြန်မာနဲ့ ဘင်္ဂလားဒေ့နိုင်ငံက ဘင်္ဂါလီ မွတ်ဆလင်တွေအပါအ၀င် ရာနဲ့ချီတဲ့ နိုင်ငံရေး ခိုလှုံခွင့်တောင်းခံသူတွေဟာ Andaman ပင်လယ်ကိုဖြတ်ပြီး ရောက်လာခဲ့ကြပါတယ်။
အင်ဒိုနီးရှားအနေနဲ့ ယာယီ တဲ တစ်ထောင်ကျော်ကို ဆောက်လုပ်ပေးထားပါတယ်။

နှစ်စဉ် ရွေ့ပြောင်းဒုက္ခသည်တွေ ရာနဲ့ချီပြီး အန္တရာယ်ရှိတဲ့ ခရီးကိုဖြတ်ကာ သြစတြေးလျ ၊ မလေးရှား စတဲ့ နိုင်ငံတွေကို သွားရောက်ဖို့ စွန့်စားကြပါတယ်။
ဒါပေမဲ့ သူတို့ဦးတည်သွားတဲ့ နိုင်ငံတွေရဲ့ တင်းကြပ်တဲ့ ရွေ့ပြောင်းဒုက္ခသည် မူဝါဒ တွေကြောင့် ဒုက္ခသည်အများစုဟာ အင်ဒိုနီးရှားနိုင်ငံမှာပဲ နှစ်ပေါင်းများစွာ သောင်တင်လေ့ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)