တအာင်းဒေသအတွင်း တပ်မတော်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုတွေကို တအာင်းအမျိုးသမီးအဖွဲ့က ထုတ်ပြန်ကြေညာမယ်

0
351

ရှမ်းပြည်နယ် မြောက်ပိုင်းက တအာင်းဒေသအတွင်း တပ်မတော်ကကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ် မှုတွေကို တအာင်းအမျိုးသမီးအဖွဲ့က ထုတ်ပြန်ကြေညာဖို့ရှိနေပါတယ်။

၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ မြန်မာ့တပ်မတော်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇ၀တ်မှုဆိုင်ရာ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ မတရားဖမ်းတာတွေ၊ အဓမ္မစေခိုင်းမှုတွေ၊ လူသားဒိုင်းအနေနဲ့ အသုံးပြုပြီး လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အချက်အလက်တွေကို “ညှဉ်းပန်းနှိပ်စက်ရန် လေ့ကျင့်ပေးထားသူများ” အမည်နဲ့ အစီရင်ခံစာ ထုတ်ပြန်ဖို့ ရှိနေတာပါ။ အဲ့ဒီအစီရင်ခံစာကို ဂျွန်လ ၂၅ ရက်နေ့၊ ရန်ကုန်မြို့ရှိ Orchid Hotel မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ထုတ်ပြန်ကြေညာဖို့ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)