မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှု တန်ဖိုးနဲ့ ကုန်သွယ်မှုအချိုး ၃၀ ရာခိုင်နှုန်းခန့် ရှိနေ

0
286

မြန်မာနိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုတန်ဖိုးနဲ့ ကုန်သွယ်မှုအချိုးဟာ ၃၀ ရာခိုင်နှုန်းခန့် ရှိနေတယ်လို့ အစိုးရအဖွဲ့က တရားဝင်ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဇွန်လ ၂၀ ရက်နေ့က နေပြည်တော်ရှိ Hilton Hotel မှာ ကျင်းပပြုလုပ်တဲ့ “မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဘက်စုံ လေ့လာဆန်းစစ်ခြင်း အစီရင်ခံစာ” ထုတ်ပြန်တဲ့ အခမ်းအနားမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဲ့ဒီလိုပြောကြားလိုက်တာပါ။

ဒီလို ဖြစ်ပေါ်နေတဲ့ ကွာဟချက်ကျဉ်းမြောင်းနိုင်ဖို့အတွက် အခြေခံအဆောက်အဦတွေ အဆင့်မြှင့်တင်ဖို့၊ အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်းတွေ၊ လူ့အရင်းအမြစ်တွေ၊ အရည်အသွေး စစ်ဆေးရေးနည်းပညာနဲ့ ဘဏ္ဍာရေး ဆိုင်ရာကဏ္ဍတွေမှာ စွမ်းဆောင်ရည်တွေကို မြှင့်တင်ဖို့ ကြိုးပမ်းဆောင်ရွက်ကြရမယ်လို့လည်း ထည့်သွင်း ပြောကြားခဲ့တာပါ။ အခုထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနနဲ့ World Bank Group တို့ ပူးပေါင်းပြုစုခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)