မြန်မာ ရွှေ့ပြောင်းအလုပ် သမားတွေ ဥပဒေအကာအကွယ် ရရှိုဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုမယ်

0
303

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေအနေနဲ့ ဥပဒေရဲ့ အကာအကွယ် အပြည့်အ၀ရရှိဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တောင်းဆိုသွားဖို့ရှိတယ်လို့ ရွှေ့ပြောင်းအလုပ်သမားများအခွင့် အရေးကွန်ရက် MWRN က ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သလို နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအနေနဲ့ ထိုင်းနိုင်ငံကို လာရောက်ဖို့ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ထိုင်းနိုင်ငံအခြေစိုက် လူမှုအဖွဲ့အစည်း ၁၃ ခုက ကိုယ်စားလှယ်တွေနဲ့ တွေ့စဉ် အဲ့ဒီလို တောင်းဆိုသွားမှာဖြစ်တယ်လို့ MWRN ရဲ့ ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောပါတယ်။ ဒါ့အပြင် လက်တ လော ရွှေ့ပြောင်းအလုပ်သမားတွေ ကြုံတွေ့ရတဲ့ ၄ နှစ်ဗီဇာ ၆ နှစ် ဗီဇာ သက်တမ်းပြန်လည်တိုးရေးဆိုင်ရာ အခက်အခဲတွေကိုလည်း တင်ပြသွားမယ်လို့ ပြောပါတယ်။

တွေ့ဆုံတဲ့နေရာအခက်အခဲကြောင့် ပထမဆုံးရောက်ရှိလာတဲ့ လူဦးရေ ၅၀၀ လောက်သာကိုသာ ခန်းမအတွင်း တွေ့ဆုံနိုင်မှာဖြစ်ပြီး ကျန်အလုပ်သမားတွေကိုတော့ ခန်းမအပြင်ဘက်မှာ ပရိုဂျက်တာတွေနဲ့ ပြသသွားမှာဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံချိန်ဟာ နှစ်နာရီခန့်ကြာမြင့်မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးကို ထိုင်းအာဏာပိုင်တွေက တာဝန်ယူသွားမှာဖြစ်ပါတယ်။ ခန်းမထဲဝင်ဖို့ ပန်းရောင်ကတ်၊ ပတ်စ်ပို့တွေ ပြသရမှာဖြစ်ပြီး အရက်သေစာသောက်စားထားသူတွေကို ပေးဝင်မှာ မဟုတ်ပါဘူး။ ခန်းမအတွင်းက အလုပ်သမားတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြစရာတွေကို တိုက်ရိုက်တင်ပြခွင့်ရနိုင်ပြီး တင်ပြခွင့်မရတဲ့သူတွေအနေနဲ့လည်း စာရေးသားတင်ပြချက်တွေကို စုစည်းပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ဖို့ရှိနေတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)