အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနား

0
353

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ ပြည့်မွေးနေ့ အခမ်းအနားနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရုံးချုပ် အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့မှာ ဇွန်လ ၁၉ ရက်နေ့က ကျင်းပခဲ့ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် အောင်ဆန်းဦးက သတင်းပေးပို့ထားပါတယ်။

 

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်ပြည့်မွေးနေ့ အခမ်းအနားနဲ့အတူ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD) ပါတီ ရုံးချုပ် အဆောက်အဦသစ်ဖွင့်ပွဲကို ဇွန်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ ဗဟန်းမြို့နယ်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဆောက်အဦသစ်မှာ ကျင်းပခဲ့တာပါ။

ဒီဖွင့်ပွဲအခမ်းနားကို NLD ပါတီဝင်တွေနဲ့ တက်ရောက်လာသူတွေက ဒေါ်အောင်ဆန်းစုကြည် သက်ရှည်၊ ကျန်းမာစွာ နေထိုင်နိုင်ဖို့ဆုတောင်းခဲ့ကြသလို NLD ပါတီ နာယက ဦးတင်ဦးကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် တာဝန်ထမ်းဆောင်နေတဲ့အပေါ် ကျေနပ် ဂုဏ်ယူမိတယ်လို့ အဲဒီအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၁ နှစ်ပြည့်မွေးနေ့အခမ်းအနားကို မန္တလေးမြို့နဲ့ တခြားမြို့ကြီးတွေမှာလည်း ကျင်းပခဲ့သလို တိုင်းနဲ့ပြည်နယ် အချို့တွေမှာလည်း မွေးနေ့အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။ ဒါ့အပြင် နော်ဝေနိုင်ငံ ဖရိုလမ်းမြို့မှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့ အောင်ဆန်းစုကြည် ပန်းခြံကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက်နေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)