ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေနဲ့ ဒေါ်အောင်ဆန်း စုကြည် တွေ့ဆုံမယ်

0
332

ဒေါ်အောင်ဆန်းစုကြည်ရဲ့ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံသွားဖို့ ရှိနေပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ မဟာချိုင်ဒေသက တလတ်ထလေဈေးမှာရှိတဲ့ မြန်မာအလုပ်သမားတွေကို ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။ အဲဒီလိုတွေ့ဆုံပွဲကို ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေကို ထုတ်ပေးထားထဲ့ ပန်းရောင်ကတ်ရှိသူတွေ တက်ရောက်နိုင်ပါတယ်။ ဇွန်လ ၂၃ ရက်နေ့မှာစတင်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုရာတွေ့ဆုံသွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)