လိုင်စင်မဲ့ ကားနဲ့ဆိုင်ကယ်တွေကို ဖမ်းဆီးအရေးယူဖို့ တိုင်းနဲ့ပြည်နယ်အစိုးရတွေကို ညွန်ကြားပြီ

0
376

တိုင်းနဲ့ပြည်နယ်အသီးသီးက တရားမ၀င်လိုင်စင်မဲ့ကားတွေနဲ့ ဆိုင်ကယ်တွေကို ထိရောက်စွာ ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ပို့ဆောင်ရေးဝန်ကြီးရုံးက ပြည်နယ်နဲ့တိုင်းဒေသကြီးအစိုးရတွေကို ညွှန်ကြား လိုက်ပါတယ်။ အဲဒီညွှန်ကြားစာကို ၂၀၁၆ ဇွန်လ ၉ ရက်နေ့ရက်စွဲနဲ့ ပေးပို့အကြောင်းကြားခဲ့တာဖြစ်ပြီး လုပ်ဆောင်ချက်တွေကိုလည်း ပြည်သူကို ချပြအသိပေးဖို့ ညွှန်ကြားခဲ့ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ် ဦးစီးမှူးရုံးတွေရဲ့ အရေးယူဆောင်ရွက်မှုအနည်းအများအလိုက် ဆုပေးဒဏ်ပေးစနစ်ကျင့်သုံး သွားမှာဖြစ်ပြီး ညွှန်ကြားချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့နဲ့ ဆောင်ရွက်မှုတွေကိုပြန်လည်တင်ပြဖို့လည်း ညွန်ကြားထားပါတယ်။

တိုင်းနဲ့ပြည်နယ်တွေက လိုင်စင်မဲ့ကားတွေနဲ့ဆိုင်ကယ်တွေကို တရားဝင်မှတ်ပုံတင်ခွင့် ပြုဖို့အစီအစဉ်ရှိမရှိ လွှတ်တော်မှာမေးမြန်းခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ခွင့်မပြုနိုင်ဘဲ ဥပဒေအရအရေးယူသွားမယ်လို့ ဖြေကြားခဲ့ပြီး ဒီလိုညွှန်ကြားချက်တွေ ထွက်ပေါ်လာတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)