နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန် မွေတော်ကက္ကူစေတီတော် ပြု ပြင်ရန် သိန်း ၁ဝဝလှူဒါန်း

0
392

13466478_397065467135253_3826983590622658468_n

သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့တဲ့ ရှေးဟောင်းသမိုင်းဝင် မွေတော် ကက္ကူဘုရားတွေ ပြုပြင်ထိန်းသိမ်းဖို့ သမ္မတဟောင်း ဦးသိန်းစိန်က အလှူငွေ သိန်း ၁၀၀ လှူဒါန်းလိုက်ပါတယ်။ ဦးသိန်းစိန်နဲ့အဖွဲ့ဟာ ဇွန်လ ၁၈ ရက်နေ့က ရှမ်းပြည်နယ်(တောင်ပိုင်း)မှာရှိတဲ့ မွေတော်ကက္ကူစေတီတော်ကို ရောက်ရှိခဲ့ပြီး စေတီတော်တွေကို လှည့်လှည်ကြည့်ရှုခဲ့ပါတယ်။

အဲဒီ ဦးသိန်းစိန်ခရီးကို ရှမ်းပြည်နယ် ၀န်ကြီးချုပ်ဟောင်း ဦးစ၀်အောင်မြတ်တို့ လိုက်ပါခဲ့ကြပြီး ခရီးစဉ်အတွင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခေါင်းဆောင် ဦးခွန်စံလွင်၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်နာယက ဦးအောင်ခမ်းထီ တို့နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။  ရှမ်းပြည်နယ်အတွင်း ဧပြီလ ၂၂ ရက်နေ့ကျရောက်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် မွေတော်ကက္ကူစေတီပေါင်းထောင်ကျော်ပျက်စီးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)