အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွား

0
361

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် Kabul မှာ ဇွန်လ ၂၀ ရက် ဒီကနေ့ မနက်အစောပိုင်းက မီနီဘတ်စ်တစ်စီး ပေါ်မှာ အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး လူ ၁၄ ဦးသေဆုံးကာ ၈ ဦးဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူတွေဟာ မည်သူမည်ဝါဆိုတာကို သိရှိနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူက ဆိုပါတယ်။ အဲဒီကားပေါ်မှာ အာဖဂန်နဲ့ နီပေါနိုင်ငံက လုံခြုံရေး ၀န်ထမ်းတွေ ပါလာတယ်လို့ ကာဘူးမြို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ လက အမေရိကန်ရဲ့ လေကြောင်း စစ်ဆင်ရေးအတွင်း တာလီဘန်ခေါင်းဆောင် Mullah Akhtar Mansour သေဆုံးခဲ့တဲ့အချိန်ကစပြီး အာဖဂန်အနေနဲ့ တာလီဘန်ရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရတာပါ။ အဲဒီဗုံးပေါက်ကွဲမှုဟာ ဇွန်လ ၁ ရက်နေ့က တရားရုံးက ၀န်ထမ်းတစ်ဦးကို တင်ဆောင်လာတဲ့ ကားတစ်စီးကို အသေခံ ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်ပြီးတဲ့နောက် ထပ်မံဖြစ်ပွားခဲ့တာပါ။

အဲဒီ ဗုံးခွဲတိုက်ခိုက်မှု နှစ်ခုလုံးဟာ သူတို့ လက်ချက်ဖြစ်တယ်လို့ တာလီဘန် တွေကပြောပြီး ဖမ်းဆီးထောင်ချထားတဲ့ တာလီဘန်စစ်သား ၆ ဦးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)