ရုရှား အာဆီယံဒေသမှာ စွမ်းအင်နဲ့ အစားအသောက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ မြန်မာသမ္မတ တိုက်တွန်း

0
317

ရုရှားအနေနဲ့ အာဆီယံဒေသအတွက် စွမ်းအင်နဲ့ အစားအသောက်ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို မြင်တွေ့လိုတယ်လို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

မေလ ၂၀ ရက်နေ့၊ ဒေသစံတော်ချိန် ၁၂ နာရီက ဆိုချီမြို့မှာ ကျင်းပခဲ့တဲ့ နှစ် (၂၀) ပြည့် အာဆီယံ-ရုရှား ဆွေးနွေးဖက်ဆက်ဆံရေး အထိမ်းအမှတ် ထိပ်သီး အစည်းအဝေးမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြား လိုက်တာပါ။

ဒါအပြင် အာဆီယံနိုင်ငံတွေမှာ ရုရှားနိုင်ငံရဲ့ ပညာရေးဆိုင်ရာ သင်တန်းတွေ ဖွင့်လှစ်ရေးနဲ့ အာဆီယံနိုင်ငံတွေက ပညာတော်သင်ဆု ရရှိကြတဲ့ ကျောင်းသားအရေအတွက် တိုးမြှင့်ရေးကိစ္စတွေကို ကူညီဆောင်ရွက်ပေးဖို့ကိုလည်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ပြောကြားခဲ့ပါတယ်။

13268015_1019831701397899_6134078124107798765_o

ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကတော့ ထိပ်သီးအစည်းအဝေးအတွင်း မြန်မာအပါအ၀င် အာဆီယံ ဒေသတွင်း နိုင်ငံတွေနဲ့ စစ်ရေးကုန်သွယ်မှု တိုးမြင့်လုပ်ဆောင်ဖို့ မျှော်လင့်တယ်လို့ ပြောကြာထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)