ဗကသရဲ့ မူ(၅)ချက်ကြောင့် စစ်ကိုင်းအလုပ်သမားသပိတ်မှာ ကျောင်းသားတွေ ၀န်းရံခဲ့ဟု မင်းသွေးသစ် ပြောကြား

0
461

စစ်ကိုင်းအလုပ်သမားသပိတ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကျောင်းသား အချို့ ပါဝင်ခဲ့တာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
ဒီလိုပါဝင်ရတာဟာ အလုပ်သမားခေါင်းဆောင်တွေကတောင်းဆိုခဲ့တာကြောင့် ၀န်းရံသူအဖြစ်ပါဝင် ခဲ့ရတာပါလို့ ဗကသကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဒီလို ပါဝင်ရတာဟာလည်း ဗကသရဲ့ မူ (၅) ချက်အရ ပြည်သူတွေ ဒုက္ခရောက်ပြီး အခက်အခဲတွေတွေ့တိုင်းမှာ ၀င်ပြီးတော့ ပါဝင် ကူညီဆောင်ရွက်ပေးဖို့ ပါဝင်တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲ့ဒီမူ (၅) အချက်ဆိုတာ အခုမှ ချမှတ်ထားတာ မဟုတ်ဘဲ ၁၉၆၀-၆၁ ခုနှစ် ပြည်လုံးကျွတ် ကျောင်းသားညီလာခံကချမှတ် ခဲ့တဲ့ မူတွေဖြစ်တယ်လို့ ဗကသကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် က MCN သတင်းဌာနနဲ့ သီးသန့် တွေ့ဆုံခန်းမှာပြောဆိုလိုက်တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)