စဥ့်ကူးမြို့မှာ ဓာတ်လိုက်လို့ ကလေးလေးဦးသေဆုံး

0
383

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် စဥ့်ကူးမြို့မှာ ဒီကနေ့ မေလ(၂၀)ရက်နေ့က ဓာတ်လိုက်ပြီး ကလေးလေးဦး သေဆုံးသွားခဲ့ပါတယ်။

13221032_458053424401794_5871202531500363048_n

13226987_458053451068458_785074080878354179_n

အဲဒီကလေးလေးဦးဟာ နေ့လယ် ၁ နာရီလောက်က မိုးရွာချိန် ခြံထဲမှာ ဆော့ကစားနေရင်း သရက်သီးခူးချိန်မှာ လျှပ်စီးဓာတ်ဝင်နေတဲ့ ခြံစည်းရိုးနဲ့ထိမိပြီး အခုလို ဓာတ်လိုက်သေဆုံးခဲ့တာလို့ ကလျာဏလူမှုကူညီရေးအသင်းက ယာဉ်မောင်းကိုမြတ်သူက ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး မြို့နယ်လျှပ်စစ်ရဲ့အရေးယူဆောင်ရွက်မှုကိုတော့ သူ့အနေနဲ့ မသိခဲ့ရဘူးလို့ ကလျာဏလူမှုကူညီရေးအသင်းက ယာဉ်မောင်းကိုမြတ်သူက ပြောပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)