ဒေါပုံမြို့နယ်တွင် ကားတစ်စီးမိုးကြိုးပစ်ခံရ

0
343

ဒေါပုံမြို့နယ် သင်္ဘောသားရုံးကို လာရောက်တဲ့ကားတစ်စီး မေလ ၂၀ ရက်နေ့ နေ့လယ်က မိုးကြိုးပစ်ခံခဲ့ရပါတယ်။

13239378_1058116734242790_1597221680083160648_n

13237626_1207247372627634_6442469176922333744_n

ဒီနေ့နေ့လယ် မိုးရွာသွန်းစဉ် သင်္ဘောသားရုံးကို အလုပ်ကိစ္စနဲ့လာတဲ့ သင်္ဘောသားတစ်ဦးရဲ့ Honda Insight ကား ဖြစ်ပါတယ်။ မိုးကြိုးပစ်ခံခဲ့ရတာကြောင့် ကားစက်နှိုးလို့ မရတော့ဘူးလို့ Myanmar Seaman Union လူမှုကွန်ရက်စာမျက်နှာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

အဲဒီဖြစ်စဉ်ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတစ်ဦးက “ဒေါပုံသင်္ဘောရုံးမှာမိုးကြိုးပစ်ခံရတဲ့ကားပါ အင်တင်နာကျိုးပြီးစက်လုံးဝနှိုးလို့မရတော့ဘူး တော်သေးတယ်ဘေးနားကလူတွေမထိတာ ။
ဗုံးပေါက်ကွဲသလိုပဲအသံကအကျယ်ကြီး မီးခိုးပါထွက်တယ်.´´လို့ ပြောဆိုခဲ့ပါတယ်။

မိုးကြိုးပစ်တဲ့အရှိန်ကြောင့် အဲဒီကားအနီးလမ်းလျှောက်နေသူတစ်ဦးက တုန်ခါမှုကို ခံစားခဲ့ရပြီး အခြားသူတစ်ဦးလည်း လဲကျသွားခဲ့တယ်လို့ ကိုယ်တွေ့မျက်မြင်အခြေအနေကို ပြောပြခဲ့ပါတယ်။

 

Photo: MSU

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)