လိမ္မော်ရောင်အဆင့်ရှိ ဆိုင်ကလုန်း မုန်တိုင်း (ရွန်နူ)နဲ့ပတ်သက်ပြီး သတိပေးချက်ထုတ်ပြန်

0
325

လိမ္မော်ရောင်အဆင့်ရှိ ဆိုင်ကလုန်း မုန်တိုင်း (ရွန်နူ) အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း တလျှောက် မုန်တိုင်းဒီရေ ၁၀ ပေ လောက်အထိ မြင့်တက်လာနိုင်တယ်လို့ မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။

13239377_1094177987309386_5316514253266866594_n

နောက်ဆုံး တိုင်းထွာရရှိတဲ့ မိုးလေ၀သဆိုင်ရာ အချက်အလက် တွေအရ မေလ ၂၀ ရက်နေ့မှာ အဲ့ဒီလို သတင်းထုတ်ပြန်လာတာပါ။ ဒါ့အပြင် ဆိုင်ကလုန်း မုန်တိုင်း (ရွန်နူ) ရဲ့ သက်ရောက်မှုတွေကြောင့် မြန်မာပြည်အနှံ့ မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး အဲ့ဒီထဲက ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ မိုးကြီးနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ နောက်ဆုံး တိုင်း ထွာရရှိတဲ့အချက်အလက်တွေအရ ဆိုင်ကလုန်းမုန်တိုင်း (ရွန်နူ) ဟာ မြန်မာနိုင်ငံစစ်တွေမြို့ရဲ့ အနောက် တောင်ဘက် ၇၀၅ မိုင်၊ ကျောက်ဖြူမြို့ရဲ့ အနောက်တောင်ဘက် ၇၂၀ မိုင် ပင်လယ်ပြင်ကို ဗဟိုပြုနေပါတယ်။

 

Photo: Zaw Linn

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)