၂၁ ရာစုပင်လုံညီလာခံစနစ်တက်ဖြစ်ရေးနဲ့ ငြိမ်းချမ်းရေးရရှိအောင် တပ်မတော်ကြိုးပမ်းသွားမယ်

0
332

၂၁ ရာစုပင်လုံညီလာခံကိုစနစ်တကျဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးရရှိရေးတို့အတွက် တပ်မတော်အနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။  

13226769_1226547097379776_5958270272820355361_n

တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် H.E .Mr.Sun Guoxiang နဲ့ မေလ (၁၉) ရက်နေ့က နေပြည်တော်မှာ တွေဆုံစဉ် ပြောကြားလိုက်တာပါ။

အဲ့ဒီလို ပြောကြားရာမှာတော့ ရှုပ်ထွေးလှတဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ စိတ်ရှည်သည်းခံကာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့အတွက် လက်ရှိအခြေအနေကို ရောက်ရှိလာခဲ့တာလို့ဆိုပါတယ်။

ဒါ့အပြင် ၂၁ ရာစုပင်လုံညီလာခံ ဖော်ဆောင်တဲ့ အခါမှာလည်း တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးစားဆောင်ရွက်မှာဖြစ်တယ်လို့ပြောကြားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)