အလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ်အသုံးပြုမယ်

0
293

ကုန်စည် စီးဆင်းမှုတွေ ကြန့်ကြာမှုမရှိအောင် ဂျပန်အစိုးရရဲ့ အကူအညီနဲ့ အလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ် Myanmar Automated Cargo Clearance System (MACCS) ကို အသုံးပြုတော့မယ်လို့ အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

july12hmabusiness

အဲ့ဒီစနစ်ကို ၂၀၁၆ နှစ်ကုန်ပိုင်းကစတင်ပြီး ရန်ကုန်ဆိပ်ကမ်းတွေနဲ့ ရန်ကုန်လေဆိပ်မှာ အသုံးပြုသွားဖို့ ရှိနေတာပါ။

လက်ရှိ အခြေအနေမှာဆိုရင်လည်း ကုန်စည် စီးဆင်းမှုတွေ ကြန့်ကြာမှု မရှိအောင် ရန်ကုန်မြို့က ဆိပ်ကမ်းတွေမှာ ယန္တရားတွေနဲ့ ဝန်ထမ်းတွေကို တိုးချဲပြီး၂၄ နာရီ ၀န်ဆောင်မှုပေးသွားမယ်လို့လည်း မြန်မာ့ ဆိပ်ကမ်း အာဏာပိုင် ဒုတိယအထွေထွေမန်နေဂျာ ဦးဇော်ထွန်းလွင်က ပြောကြားထားပါတယ်။

လက်ရှိအခြေ အနေမှာတော့ ပို့ကုန်၊ သွင်းကုန်သေတ္တာတွေ အတင်အချပြုလုပ်နိုင်တဲ့ ဆိပ်ကမ်း ၆ ခုမှာ ကွန်တိန်နာတစ်လုံး ထုတ်ယူနိုင်ဖို့အတွက် အချိန် ၃ ရက်လောက် ကြာမြင့်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)