မြန်မာနိုင်ငံသား တောင်တက်သမားများ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ထိပ်ကို ရောက်ရှိ

0
347

မြန်မာနိုင်ငံသား တောင်တက်သမား ကိုပြည့်ဖြိုးအောင်နဲ့ ကိုဝင်းကိုကိုတို့ဟာ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ထိပ်ကို ဒီကနေ့ မေလ ၁၉ ရက်နေ့ မနက် ဒေသစံတော်ချိန် ၇ နာရီ ၀၇ မိနစ်မှာ တက်ရောက်နိုင်ခဲ့ပါတယ်။

နီပေါနိုင်ငံမှာရှိတဲ့ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ထိပ်ကို ပထမဆုံးမြန်မာနိုင်ငံသား ၂ ဦး တက်ရောက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ မြန်မာတောင်တက်သမားတွေဟာ ဧ၀ရက်တောင်ထိပ်မှာ မြန်မာနိုင်ငံအလံကို လွှင့်ထူခဲ့သလို နိုင်ငံတော်သီချင်းတွေလည်း သီဆိုခဲ့ကြပါတယ်။ ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ထိပ်ဟာ အမြင့်ပေ ၂၉၀၂၉ အမြင့်ရှိပြီး နိုင်ငံအသီးသီးက တောင်တက်သမား ၃ ထောင်ကျော်တက်ရောက်နိုင်ခဲ့ပါတယ်။ ၁၉၅၂ ခုနှစ် မေလ ၂၉ ရက်နေ့က ကမ္ဘာ့အမြင့်ဆုံး ဧ၀ရက်တောင်ကို Sir Edmund Hillary က ပထမဦးဆုံးတက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)