ပို့ကုန်သွင်းကုန်လုပ်ငန်းများအတွက် ဌာနဆိုင်ရာဝန်ထမ်းတွေ ၂၄ နာရီတာဝန်ထမ်းမယ်

0
333

ပို့ကုန်သွင်းကုန် ကြန့်ကြာနေတာကို ဌာနဆိုင်ရာ ၀န်ထမ်းတွေကို နေ့ည တာဝန်ထမ်းဆောင်ဖို့ ညွှန်ကြားသွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာသန်းမြင့်က ပြောကြားလိုက်ပါတယ်။

ရန်ကုန်မြို့မှာ ကုန်စည်စီးဆင်းမူ အကျပ်အတည်းဖြစ်နေတာတွေကို ဖြေရှင်းဖို့ အစိုးရတာဝန်ရှိသူတွေနဲ့ လုပ်ငန်းရှင်တွေ အဖြေရှာနေကြပါတယ်။
မေလ ၁၈ ရက်နေ့က ရန်ကုန်မြို့ UMFCCI မှာ ကျင်းပခဲ့တဲ့ ဒီဆွေးနွေးမှုမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကတော့ ဌာနဆိုင်ရာ ၀န်ထမ်းတွေကို နေ့ရောညပါ (၂၄)နာရီ လုပ်ကိုင်စေမှာဖြစ်တယ်ဆိုလာပါတယ်။

ဒီလို လုပ်ဆောင်မှုဟာ မှန်ကန်တဲ့ နည်းလမ်းတော့ မဟုတ်ဘူးလို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက သုံးသပ်ကြပြီး ဒါဟာ ရေတိုတာ ဖြေရှင်းနိုင်မှာဖြစ်လို့ ရေရှည်အတွက် အသုံးမ၀င်ဘူးလို့ ယုံကြည်နေကြပါတယ်။ ဒါ့အပြင် ကုမ္ပဏီ ၀န်ထမ်းတွေဘက်က လုပ်သား အင်းအားနည်းပါးတာကြောင့် ၂၄နာရီ အလုပ်လုပ်ဖို့တာ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုနေကြတာပါ။

သွင်းကုန်ထုတ်ကုန်တွေဟာ ရန်ကုန်မြို့ကနေပဲ အဓိကလုပ်ဆောင်နေကြတာကြောင့် ဒီလို့ ပြသနာတွေအဖြစ်စေဖို့ဆိုရင် ပင်လယ် ဆိပ်ကမ်းတွေ တိုးချဲ့ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင်လုပ်ဆောင်ဖို့ကလည်း လိုအပ်နေပြီး ဒါတွေကို ရေရှည်စီမံကိန်းအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ရမှာပါ။

လက်ရှိဖြစ်ပေါ်နေတဲ့ သွင်းကုန်ထုတ်ကုန် ကြန့်ကြာမှုတွေဟာ သွင်းကုန်တွေ ပိုမိုတင်သွင်းလာ တာကြောင့်ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ပထမ လေးလာတာ ကာလအတွင်းမှာကုန်သတ္တာ တစ်သန်းခန့်ဝင်ရောက်ခဲ့တာပါ။ ဒီပမာဏဟာ ယခင်နှစ်တွေကထက် သုံးဆခန့်ပိုများပြီး သွင်းကုန်ထုပ်ကုန်လုပ်ငန်းတွေအပေါ် ကြန့်ကြာမူတွေဖြစ်နေတာလည်း ဖြစ်ပါတယ်ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)